Author: phyothuyakyaw

on
FILE PHOTO: Labourers work at Vinfast auto plant on the occasion of its opening ceremony in Hai Phong city, Vietnam June 14, 2019. REUTERS/Kham/File Photo

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဥ်အမှတ်တံဆိပ်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေစဉ် ဥရောပသုံးနိုင်ငံ၌ ရုံးချုပ်များ ထားရှိမည် ဖြစ်သည်။

ရုံးချုပ်အသစ်များကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့၊ ပြင်သစ်နိုင်ငံ ပါရီမြို့၊ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန် စျေးကွက်အသီးသီးနှင့် အံဝင်ခွင်ကျဖြစ်နေစေမည့် အရောင်းဗျူဟာတစ်ခုစီ ထားရှိမည်ဖြစ်သည်။

ဥရောပတွင် VinFast ၏ ပထမဆုံးသော အရောင်းကိုယ်စားလှယ်၏ လုပ်ငန်းတည်ရာ ဂျာမနီနိုင်ငံ ကူလုံ Cologne မြို့တွင် အထင်ကရ ပြခန်းတစ်ခုကို တစ်ခုကို လာမည့်နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းအထင်ကရ ပြခန်းကို ဗဟိုချက်ထားပြီး အထက်ဖော်ပြပါ  နိုင်ငံသုံးနိုင်ငံအတွက် လက်လီအရောင်းကွန်ရက်တစ်ခု ထူထောင်ထားရန် စီစဉ်နေသည်၊

VinFast သည် ရောင်းချပြီးနောက်  ဝန်ဆောင်မှုကို ပေးအပ်ရန်အတွက် ပညာရှင်ပေါင်း ၂၀၀ ဦးကို အလုပ်ခန့်ထားမည်ဖြစ်သည်။
VinFast သည်  ဥရောပတွင် အီးဗီများ ထုတ်လုပ်ရန်အတွက် စက်ရုံထားရှိရန် ဆီလျော်သည့် နေရာကို ရှာဖွေနေသည်။ 

ကုမ္ပဏီသည် အရေးပါသော ဥရောပဈေးကွက်များတွင် လူတိူင်းနှစ်သက်သော လျှပ်စစ်ကား အမှတ်တံဆိပ်တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားကြောင်း VinFast ၏ ကမ္ဘာလုံးဆိုင်ရာ စီအီးအို Le Thi Thu Thuy က တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိပ်တန်းဗီယက်နမ်လုပ်ငန်းစု Vingroup ၏ ယူနစ်ဖြစ်သည့် VinFast သည် ၎င်း၏မွေးရပ်နိုင်ငံတွင် အီးဗီများကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မှာကြားသူများထံသို့ ပထမဆုံး အသုတ်ကို ပို့ဆောင်ပေးခဲ့သည်။

ဗီယက်နမ်မြောက်ပိုင်းရှိ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသည် ယခုနှစ်ကုန်တွင် အမေရိကန်၊ ကနေဒါနှင့် ဥရောပသို့ အီးဗီများ စတင်တင်ပို့မည်ဖြစ်သည်။

VinFast သည် အမေရိကန်တွင် ကန်ဒေါ်လာ ၄ ဘီလီယံဖြင့် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်မည်ဟု ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့ပါသည်။ အဆိုပါ စက်ရုံမှ ၂၀၂၄ ခုနှစ်တွင် အီးဗီများ စတင်ထုတ်လုပ်မည် ဖြစ်သည်။ 

Credit to : The Myanmar Automobile Industry Guide
Original Source : Asia nikkei

on
Harrier 2014 (360) Camera Calibration Process
Adjusting Side Cameras
Adjusting Side Cameras
Camera Calibration View
After Calibration
360 – 3D view

Project : Android Player with 360 camera installation on Toyota Harrier 2014

Installation time : 3 hrs

Installation team : Pro Racing

Address: No.41(B),PyiTharYar Street,Thingangyun Township,Yangon,Myanmar.

Contact number: 09971546756

Special Features: Parking Monitoring (Recording while driving & when stopped engine),

GPS Tracking (Live location check from Phone, Computer, Tablet and Location History), Easier, Safer, Smarter UI (Home screen).